နေပြည်တော် ၂၈ စက်တင်ဘာ
ကုန်ကြမ်းယူ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမားများအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်း ထောက်ပံ့မည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း (CMP) စက်ရုံ၊ အလုပ်ရုံများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် အလုပ်သမား စုစုပေါင်း (၆၈၀၀၀၀) ကျော် ရှိပြီး၊ နိုင်ငံတော် မှ ငွေ ကျပ် (၂၀) ဘီလီယံ ကျော် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#MRTV