ကျုံပျော် ၁၀ ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော (ကျုံပျော်) ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။

 

8520963.

 

အဆိုပါ စာပေပွဲတော်ပထမနေ့ စာပေဟောပြောပွဲတွင် ကျုံပျော်မြို့နယ်စာရေးဆရာ၊ စာရေးဆရာမများ ဖြစ်ကြသော ဆရာမဒေါ်စန်းစန်းကျော့၊ ဆရာဦးခင်မောင်အေး(KM အေး)နှင့် ဆရာဦးဆန်းထွန်း ( ငြိမ်းချမ်းအောင်)တို့က" အောင်မြင်မှုပန်းတိုင်သို့ " ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာမ ဒေါ်နုနုယဉ် (ရွှေနု)“ဘဝကိုလွှမ်းမိုးတဲ့စာ‌ပေများ ခေါင်းစဉ်ဖြင့်လည်းကောင်း  ဆရာဦးလှမိုးကျော်က " အလှကိုယ်စီ "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာဦးအောင်မင်းက(လူငယ်နှင့်ရသစာ‌ပေ) ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ဆရာဦးနေမျိုးထွန်း (ကာတွန်းနုရဏီ)က(မီးလျှံအက္ခရာ )ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာပေဆွေးနွေးပွဲနှင့် စာပေဟောပြောပွဲသို့ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃၀) တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)