ကျုံပျော် ၊ ၂၄  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ မင်္ဂလာလမ်းရှိ အလှူရှင် ဦးလှဝင်း+ ဒေါ်နွဲ့နွဲ့ရီ မိသားစုက မြို့တွင်းရှိ ချို့တဲ့ အိမ်ထောင်စု (၃၀ဝ)သို့ ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၄ ရက် နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

လှူဒါန်းရာတွင် မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ ချို့တဲ့အိမ်ထောင်စုများ ပါဝင်ပြီး ၊ အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်၊ ကြာဆံ(၁)ထုပ်၊ ကြက်သွန်(၅၀)သား၊ ဆား(၁)ထုပ်၊ ဆီတစ်ပုလင်း၊Mask (၁)ထုပ်နှင့် အချိုမှုန့်(၁)ထုပ်တို့ ဖြစ်ကြောင်း သိရသည်။

 

လှူဒါန်းပစ္စည်း စုစုပေါင်းမှာ ဆန်တစ်တင်းခွဲအိတ် (၃၈)အိတ် ၊ ကြက်သွန် ပိဿာ (၁၈၀)၊ ဆီဘူး (၃၀ဝ)၊ နှာခေါင်းစည်း (၃၀ဝ၀)ခု ၊ ဆားထုပ် (၃၀ဝ) ၊ အချိုမှုန့် (၃၀ဝ) ထုပ်နှင့် ကြာဆံ (၃၀ဝ)ထုပ် တို့ဖြစ်ကြပြီး ၊ စုစုပေါင်း တန်ဖိုးကျပ် (၂၃)သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အလှူရှင်များ၏ ယခုလှူဒါန်းမှုသည် တတိယ အကြိမ်မြောက်ဖြစ်ပြီး၊ ပထမအကြိမ် ဧပြီလက အနှေးယာဉ် လုပ်သားများအတွက် အခြေခံစားကုန် ကျပ် (၄) သိန်းကျော်ဖိုးကို လည်းကောင်း၊ ဒုတိယအကြိမ် အောက်တိုဘာလက အနှေးယာဉ်လုပ်သားနှင့် ချို့တဲ့အိမ်ထောင်စုများအတွက် အခြေခံ စားသောက်ကုန် ကျပ်(၁၄)သိန်းကျော်ဖိုးကိုလည်းကောင်း လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွားနေသည့်ကာလ ဖြစ်သည့်အတွက် ရောဂါပျံ့ပွားမှုမရှိစေရန် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေဝင်းမြင့် (ပြန်/ဆက်)