ကျုံပျော် ၂၂ စက်တင်ဘာ

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ICB-lll ဖြင့် ကျုံပျော်မြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင် ပြင်ပရှိ ကျေးရွာ ()ရွာတွင် ဆိုလာမီးလင်းရေးလုပ်ငန်းကို စက်တင်ဘာလကုန်တွင်အပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

"အခုအဲဒီ ကျေးလက်မီးလင်းရေးအတွက် သုံးမယ့် ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေ ပထမအသုတ်အဖြစ် စက်တင်ဘာ ၂၀ ရက်က ရောက်ပါတယ်။ ဒုတိယအသုတ်အဖြစ် စက်တင်ဘာ ၂၄ ရက်မှာရောက်မှာ ဖြစ်ပါတယ်။ ပစ္စည်းစုံတာနဲ့ ကျေးရွာတွေမှာ အမြန်ဆုံးသွားပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒီလမကုန်မီအပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် ကျေးလက်ပြည်သူတွေ ဆိုလာမီးလင်းရေးလုပ်ငန်းရဲ့ အကျိုးကျေးဇူးကို မကြာမီရရှိတော့မှာဖြစ်ပါတယ်" ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးက ဆိုသည်။

ယခုဆောင်ရွက်မည့် ကျေးရွာ ရွာမီးလင်းရေးစီမံကိန်းတွင် ဆိုလာပြား (100W) ၁၄၀ စုံ၊ (60W) ၇၃၃ စုံ စုစုပေါင်း (၈၇၃)စုံဖြစ်ပြီး အများပြည်သူနှင့် သက်ဆိုင်သော ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းများတွင် (၁၇)စုံနှင့် လမ်းမီးတိုင်အတွက် (၈၇)စုံတို့ကိုလည်း တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာများမီးလင်းရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို နောင်(၁၀)နှစ်အထိ လျှပ်စစ်ဓာတ်အားမရရှိနိုင်သော ကျေးရွာများနှင့် မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်ပြင်ပ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေဝန်းရှိန်(ကျုံပျော်)