ကျုံပျော် မတ် ၁၂
ပြည်တွင်း စားသုံးဆီဖူလုံစွာရရှိရေးအတွက် စိုက်ပျိုးခဲ့သည့် ဆောင်းဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု တောင်သူ ဦးအောင်ဇော်ဝင်း၏ လယ်မြေငါးဧက၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
အမှာစကားပြောကြား
အခမ်းအနားတွင် ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက သီးနှံများ စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ မှတ်တမ်းများထားရှိရန်၊ ဈေးကွက်ဝင်သီးနှံများနှင့် ပဲပုပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် အမှာစကားပြောကြားသည်။
ထို့နောက် တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း၍ နေကြာစံကွက်အား ရိတ်သိမ်းကြရာ တစ်ဧကလျှင် နေကြာ ၃၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


