ကျုံပျော် မေ ၂၆
တောင်သူများ ဓာတ်မြေသြဇာနှင့်တွဲဖက်၍ သဘာဝမြေသြဇာများ အချိုးကျသုံးစွဲနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ယနေ့တွင် ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အမှာစကားပြောကြားပြီး ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းနောင်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံ ဦးထင်ကျော်ဦးတို့က ဟောပြောပွဲနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာရှင်များက သဘာဝမြေဩဇာ အသုံးပြုနည်း၊ ပိုးမွှားရောဂါကာကွယ်နည်း၊ မျိုးစေ့အကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


