ကျုံပျော် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ကျုံပျော်မြို့နယ် အထောင်မြို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲလွင်ဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက အထောင်မြို့ရှိ ရပ်ကွက်နေအိမ်များသို့ လိုက်လံကာ မီးအသုံးပြုမှုများ စစ်ဆေးပြီး မီးဘေးကြိုတင်ကာကွယ်ရေး အချက်များသိရှိရန်၊ မီးဘေးကာကွယ်ရေးပစ္စည်းများဖြစ်သော မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျဆောင်ရွက်ထားရန်တို့ကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို မြို့ပေါ်ရပ်ကွက်/ ကျေးရွာများတွင် မီးသတ်တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် လှည့်လည်၍ အပတ်စဉ် လှုံ့ဆော်ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


