ကျုံပျော် မတ် ၅

 

ဧရာဝတီတိုင်းဒေသကြီး   ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ  ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှု လျော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခြင်းကို ရှားခဲကျေးရွာ၌ ယနေ့နံနက်ပိုင်းက  ဆောင်ရွက်သည်။

 

ထိုသို့ စစ်ဆေးရာတွင်  မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့် ၏ လမ်းညွှန်မှုဖြင့်  လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်လင်းထက်နှင့် တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း တစ်အိမ်တက်ဆင်းလိုက်လံ၍ မီးလောင်လွယ်သော  စက်သုံးဆီ၊ လောင်စာဆီများ သိုလှောင်ထားခြင်း မပြုကြရန်၊ မီးကြွင်း၊ မီးကျန်များ စနစ်တကျငြှိမ်းသတ်ကြရန်၊ ဟောင်းနွမ်းသော လျှပ်စစ်ဝါယာကြိုးများ အသစ်လဲလှယ်အသုံးပြုရန်၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ထားရှိရန်တို့ကို လိုက်လံစစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)