ကျုံပျော် မေ ၁၂

 

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ဘဏ်ခွဲ၌ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။

 

ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက စိုက်ပျိုးစရိတ်ချေးငွေကို သွင်းအားစုလုပ်ငန်းများတွင် စနစ်တကျအသုံးပြုရန် အမှာစကားပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျီးအိုင်ကျေးရွာအုပ်စုနှင့် ဓနော်ကျေးရွာအုပ်စုတို့မှ တောင်သူ ၁၉၆ ဦးတို့၏ စိုက်ဧက ၁၂၅၅ ဧကအတွက် ငွေကျပ် ၃၇၆၅ သိန်းကို စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)