ကျုံပျော် ဇွန် ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် တေဇရပ်ကွက် အမက (မြေရဲမြောက်)၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၅ ရက်က ပြုလုပ်သည်။

 

ဦးစွာ ကျုံပျော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လွင်က ရဲလုပ်ငန်းစဉ်ဖြစ်သော ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ သိသင့်/သိထိုက်သည့် ဥပဒေ/နည်းဥပဒေများအား ဟောပြောပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ရပ်ရွာတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးသည်။

 

ဟောပြောခဲ့

 

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုနိုင်ဝင်းက မှုခင်းကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာများ ဆွေးနွေးဟောပြောပြီး အမှတ်(၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်အောင်မျိုးမင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို ဟောပြောခဲ့ကြောင်း သိရသည်။

 

နေဝင်းမြင့်(ပြန်/ဆက်)