ကျုံပျော်
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျုံပျော်မြို့ အထက(၁)နှင့် အမှတ်(၂) အခြေခံပညာနှင့် စက်၊ စိုက်၊ မွေး အထက်တန်းကျောင်းတို့တွင် အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ဇွန် ၁၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ရာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း နှင့် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေး ကြည့်ရှုကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်သန်းဝင်းနှင့် လက်ထောက် အင်ဂျင်နီယာ ဒေါ်စန္ဒာအေးတို့က အမှိုက်ခွဲခြား စွန့်ပစ်မှုအကြောင်း သိကောင်း စရာများကို ရှင်းလင်းပြောကြားပြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် လူမှုရေးအသင်း အဖွဲ့များက အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက် စသည့်အမှိုက်လေးမျိုး ခွဲခြားစွန့်ပစ်ခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)