ကျုံပျော် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ဒုတိယနေ့အဖြစ် ဇူလိုင် ၃၀ ရက်တွင် မြို့နယ်အတွင်း တိုက်နယ်အားလုံးရှိ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုး ဒုတိယနေ့တွင် ဇူလိုင် ၂၉ ရက်ကထက် လာရောက်ထိုးနှံသူ ပိုမိုများပြားပြီး သံဃာတော်နှင့် သီလရှင်များပါ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။ ဆေးထိုးစုရပ်အဖြစ် မြို့မတိုက်နယ်၌ အထက(၁)နှင့် အထက(၂) ‌တို့တွင်လည်းကောင်း၊ ရေစခန်း၊ အထောင်၊ အင်းရဲ၊ ဒိုက်ပျက် စသည့်တိုက်နယ်များရှိ သက်ဆိုင်ရာ အထက်တန်းကျောင်းအသီးသီးတို့တွင်လည်းကောင်း ဆေးထိုးစုရပ်များဖွင့်လှစ်ကာ ထိုးနှံပေးလျက်ကြောင်း၊ ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် ကာကွယ်ဆေးထိုး စိစစ်ကြီးကြပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်လျက်ရှိပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများက ဆေးထိုးနှံနေမှုများကို လိုက်လံကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်‌ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)