ကျုံပျော် ၁၈ ဇွန် 


စဉ်ဆက်မပြတ် ငါးထုတ်လုပ်စားသုံးနိုင်ရေး ရည်ရွယ်၍ ကျုံပျော်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတ ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍ သင်တန်းပို့ချခြင်းကို ဇွန် ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်က အင်းလုပ်ငန်း၊ ငါးဖမ်းဆီးခြင်း လုပ်ငန်း၊ ငါးသယံဇာတ ထိန်းသိမ်းခြင်းလုပ်ငန်း အပါအဝင်၊ ငါးရစ် ငါးသန် ရာသီတွင် လူတိုင်း ငါးမဖမ်းဆီးရေး၊ ငါးမတစ်ကောင်ကို ငါးမဖမ်းရ ရာသီတွင် သုံးလ ရှောင်ရှား ခြင်းဖြင့် ငါးအကောင်ရေများစွာ တိုးပွားပြီး စဉ်ဆက်မပြတ် ငါးထုတ်လုပ် စားသုံးနိုင်ရေးတို့ကို ဆွေးနွေးပို့ချခဲ့သည်။ 


အဆိုပါ သင်တန်းသို့ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ စုစုပေါင်း ၁၉၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေဝန်းရှိန်(ကျုံပျော်)