၁၉ ဧပြီ

 

လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ (ကိုဗစ်-၁၉ ရောဂါ)သည် နိုင်ငံအတွင်း ကူးစက်ခံရမှု မြင့်တက်လျက်ရှိသဖြင့် ထိန်းသိမ်းနိုင်ရန်နှင့် ကူးစက်ခံရမှု မရှိစေရန် ရည်ရွယ်၍ ပရဟိတအဖွဲ့များပူးပေါင်းကာ ပြည်သူများထံသို့ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၌ ဧပြီ ၁၉ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

101

 

ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးရှေ့၊ အင်းရဲလမ်းဆုံနှင့် မြို့ဝင်ဂိတ်များတွင် အဖွဲ့သုံးဖွဲ့ခွဲက နှာခေါင်းစည်း(Mask ) မပါရှိသူများနှင့် လိုအပ်သူများအား ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ပြီး၊ Mask တပ်ဆင်ရန် လှုံ့ဆော်ခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

1710

 

အဆိုပါ ပညာပေးဆောင်ရွက်မွုကို နောင်ရက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဧပြီ ၂၀ ရက်မှစ၍ Mask မပါရှိသူများထံမှ ငွေ (၅၀ဝ) ကျပ် ရန်ပုံငွေကောက်ခံကာ ပြန်လည် လျှော်ဖွတ်သုံးစွဲနိုင်သော ( Home Made ) ၃ လွှာ Mask များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေဝင်းမြင့် (ပြန်/ဆက်)

 

2710