ကျုံပျော်    ၂၄   ဧပြီ

 

လတ်တလောဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ သည် မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် မြို့နယ်အတွင်း ကူးစက်ခံရမှု မရှိစေရန်နှင့် အချိန်မီ ထိန်းသိမ်းနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် (၂)လတိတိ ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

အဆိုပါ ဒေသန္တရအမိန့်တွင် ပြည်သူများအနေဖြင့် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှအပ ဧပြီ ၂၃ ရက်နေ့မှစ၍ နေ့စဉ် ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအတွင်း ညမထွက်ရန်အမိန့် ထုတ်ပြန်လိုက်ပြီး စတင်ထုတ်ပြန်သည့်နေ့မှ (၂)လအထိ အတည်ဖြစ်ကြောင်း သိရသည်။

 

ဤအမိန့်သည် အများပြည်သူအကျိုးဌာထုတ်ပြန်သော အမိန့်ဖြစ်သဖြင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဒေသန္တရအမိန့် (၁/၂၀၂၀) အား ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရသည်။

 

နေဝင်းမြင့် (ပြန်/ဆက်)

 

mdn