ကျုံပျော်  ၁၈ ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော ဌာန ဝန်ထမ်းများ၏ စုပေါင်းထမနဲထိုးပြိုင်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲ ၂ နာရီက ကျင်းပသည်။

 

6963

 

ပြိုင်ပွဲသို့ မြို့မတိုက်နယ်၊ဒိုက်ပျက်တိုက်နယ်၊ အထောင်တိုက်နယ်၊ရေစခန်းတိုက်နယ်၊အင်းရဲတိုက်နယ် တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းထမနဲထိုးအသင်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အထောင်မြို့အုပ်ချုပ်ရေးမှူးရုံးတို့မှ ထမနဲထိုးအသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

 

582

 

ပြိုင်ပွဲတွင် ထမနဲတစ်ဒယ်အတွက် အချိန် ၁ နာရီခွဲ သတ်မှတ်ပေးခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့များက လျှို့ဝှက်အမှတ်ပေးစနစ်ဖြင့် အဆင့်ဆင့်ဆုံးဖြတ်ပေးကြရာ ပထမဆုကို မြို့နယ်ထွေ/အုပ် ဦးစီးဌာနနှင့် အထောင်မြို့ အုပ်ချုပ်ရေးမှူးရုံးအသင်း၊ ဒုတိယဆုကို အင်းရဲတိုက်နယ်အသင်းနှင့် တတိယဆုကို အထောင် တိုက်နယ်အသင်းတို့က အသီးသီးရရှိခဲ့ကြကာ ဆုရရှိသည့် အသင်းများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာနှင့် မြို့နယ်အုပ်ချုပ်ရေးမွူး ဦးအောင်စိုးမိုးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ကိုနေဝင်း(ကျုံပျော်)