ကျုံပျော်တွင် ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကျင်းပ

ကျုံပျော် ၁၇ ဧပြီ

 


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ယနေ့နံနက်ပိုင်းက ဒါးကချောင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

ိိိ


ငါးလွှတ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး ငါးကြင်းရွှေဝါကောင်ရေ (၃၀ဝ၀ဝ)၊ ငါးခုံးမကောင်ရေ (၂၀ဝ၀ဝ) တို့အား ဒါးကချောင်းအတွင်း ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြကာ ဆုတောင်းမေတ္တာများ ပို့သပေးခဲ့ကြကြောင်း သိရသည်။

 


နေဝန်းရှိန်(ပြန်/ဆက်)
 

 

ိိ္