ကျုံပျော်၊ ၅ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များကို Quarantine Centre များသို့ လွှဲပြောင်းပေးအပ်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ဇန်နဝါရီ ၅ ရက် နံနက် ၁၁ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက လှူဒါန်းရရှိမှုနှင့် ထပ်မံခွဲဝေ လှူဒါန်းပေးသည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်နိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် မန်းဂျော်နီနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့က Quarantine Centre ထားရှိရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ဆန်အိတ်များကို အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ယခု ကိုရီးယားသမ္မတနိုင်ငံမှ ကျုံပျော်မြို့နယ်အတွက် လှူဒါန်းရရှိသည့် ဆန်အိတ် စုစုပေါင်း (၉၀) ဖြစ်ပြီး ကျုံပျော်မြို့၊ အထောင်မြို့၊ သောင်ကြီး ကျေးရွာနှင့် ရှားခဲကျေးရွာများရှိ Quarantine Centre များတွင် အသွားအလာကန့်သတ်ထားရှိသူ (၄၈၀) တို့ကို ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)