ကျုံပျော်၊ ၁၈ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်သံဂဟေဆက် (အခမဲ့)သင်တန်းဆင်းပွဲကို အဆိုပါရုံးသင်တန်းခန်းမ၌ ဇွန် ၁၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလိန်းကွီးက မိမိတို့ဌာန အနေဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများကို ဖွင့်လှစ်ပေးလျက် ရှိပါကြောင်း၊ ယခု သင်တန်းတက်ရောက်ပြီးသူများအနေဖြင့်လည်း မိမိတို့သင်ယူပြီးသည့် ယခုပညာရပ်ကို ဆက်လက်လေ့လာကာ မိမိဘဝတိုးတက်ရေးနှင့် ရပ်ရွာအကျိုးသယ်ပိုးနိုင်ရေးတို့တွင် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားပြီး သင်တန်းသားများထံသို့ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် တာဝန်ရှိသူတစ်ဦးက သင်တန်းထူးချွန်ဆုရ သင်တန်းသား ဦးအေးမင်းသူထံသို့ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်အား ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသား (၂၀) တက်ရောက်ခဲ့ကြပြီး သင်ခန်းစာများကို (၁၉)ရက်ကြာ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


