ရန်ကုန်  ၂၅  ဇွန်

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ မြန်မာနိုင်ငံမှာလုပ်ငန်း လုပ်ကိုင်ရန်လွယ်ကူမှု အနေအထားသည် ကမ္ဘာ့နိုင်ငံပေါင်း(၁၉၀)အနက် အဆင့်(၁၇၁)နေရာတွင် ရှိနေသည်။ ၂၀၁၉-၂၀၂၀ စီးပွားရေးနှစ် အချိန်(၈)လ အတွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသော စီးပွားရေးလုပ်ငန်းပေါင်း (၁၇၈)ခုကို အစိုးရကခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ၂၀၂၀ မေလကုန်အထိ ရင်းနှီးမြှုပ်နှံမှုငွေပေါင်း အမေရိကန် ဒေါ်လာ(၄.၁)ဘီလီယံအထိ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

 

ကုန်သွယ်မှုအထူးအခွင့်အရေး(GSP)ရရှိထားဆဲ ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ အထည်ချုပ် ထုတ်ကုန်များကို ဥရောပဈေးကွက်သို့ တင်ပို့လျှင် အခွန်(၁၂ ဒသမ ၅) ရာခိုင်နှုန်း သက်သာစေမည်ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ အခွင့်အရေးရရှိနေဆဲ အချိန်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်လာအောင် ပုံမှန်ထက် ပိုကြိုးစားနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ သိရှိရသည်။

 

# ရန်ကုန်သတင်းဌာနခွဲ

# MRTV