ဇွန်၄
ကုန်တင်လေယာဉ်တစ်စင်းသည် တိုကျိုမြို့ နာရီတာလေဆိပ်မှပျံသန်းပြီးမကြာမီ အင်ဂျင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ ပြီးနောက် ယနေ့မနက်ပိုင်းက နာရီတာလေဆိပ်၌အရေးပေါ်ဆင်းသက်ခဲ့ရသည်။
Polar Air 752 ကုန်တင်လေယာဉ်သည် ဒေသစံတော်ချိန် မနက် ၁၀ နာရီတွင် နာရီတာလေဆိပ်မှပျံသန်းထွက်ခွာပြီးမကြာမီ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။
ဒေသတွင်းမီဒီယာ၏ပြောကြားချက်အရ လေယာဉ်အင်ဂျင်များအနက် အင်ဂျင်စက်တစ်လုံးမှ မီးတောက်များ ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် လှည့်ပြန်ခဲ့ပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် နာရီတာလေဆပ်၌ ဆင်းသက်ခဲ့ရသည်ဟု သိရသည်။
အဆိုပါလေယာဉ်အရေးပေါ်ဆင်းသက်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်း ဖော်ပြထားသည်။ အာဏာပိုင်များသည် အင်ဂျင်မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန်စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို