တောင်ကြီး စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်း တည်ဆောက်ခြင်း လုပ်ငန်းနှင့် အေးသာယာမြို့၊ အဆင့်မြင့်ဆေးရုံ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနနှင့် J United Co., Ltd + Danu Min Thar Co., Ltd တို့အကြား သဘောတူစာချုပ် ချုပ်ဆိုခြင်းကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုမည့် လုပ်ငန်းစီမံကိန်းများ ဖြစ်သည့်အတွက် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ဌာနနှင့် ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ စည်ပင်သာယာရေးဌာန အနေဖြင့်လည်း လုပ်ငန်းအပ်နှံသူအနေနှင့် စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ကြီးကြပ်ပေးရန်” မှာကြားသည်။
မောင်မောင်သန်း(တောင်ကြီး)