၆ ဇွန်

 

ကျူးဘားနိုင်ငံကို အမေရိကန်နိုင်ငံသားတွေ သွားရောက်လည်ပတ်မှု အမေရိကန်အစိုးရက အင်္ဂါနေ့က  ပိတ်ပင်လိုက်ပါတယ်။ ကျူးဘားနိုင်ငံက ဗင်နီဇွဲလားသမ္မတ မာဒူရို ကို ထောက်ခံတဲ့သူဖြစ်တဲ့အတွက် အမေရိကန်ဒေါ်လာ စီးဆင်းမှုကို ပိတ်ဆို့တဲ့အနေနဲ့ အခုလိုလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

 

ါျပ

 

ကယ်ရီဘီယံကျွန်းကို အမေရိကန်နဲ့ ကျူးဘား-အမေရိကန်တွေက ဇိမ်ခံသင်္ဘောများ၊ ကိုယ်ပိုင်သင်္ဘောငယ်များ နဲ့ ပညာရေးဆိုင်ရာ သွားရောက်လည်ပတ်မှုများကိုပါ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်တာ ပါဖြစ်ပါတယ်။ 

 

သမ္မတဒေါ်နယ်ထရန့်က ဇိမ်ခံသင်္ဘောတွေ ကျူးဘားမှာ ရပ်နားခြင်းနဲ့ အမေရိကန်ဗီဇာသက်တမ်းတိုးဖို့အတွက် ကျူးဘားကို ခေတ္တသွားရောက်လည်ပိတ်မှုပါ ပါဝင်ကြောင်း အမိန့်ပေးထားပါတယ်။ 

 

ျအ၆

 

အခုလိုပိတ်ပင်လိုက်တာဟာ ကျူးဘားနိုင်ငံအတွက် အထိနာစေနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ပထမလေးလ အတွင်းမှာ အမေရိကန်နိုင်ငံသား နှစ်သိန်းခွဲကျော် ကျူးဘားကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ 

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကျူးဘားအစိုးရက ကျူးဘာပြည်သူတွေကို ဖိနှိပ်တာကိုလည်း မြင်တွေ့ရသလို ဗင်နီဇွဲလားနိုင်ငံအရေးမှာလည်း ဝင်ရောက်စွက်ဖက်တာကိုတွေ့ရတယ်။ ဗင်နီဇွဲလားနိုင်ငံကို ကျူးဘားက အားပေးနေတယ်။ ကျူးဘားဟာ ဒေသတွင်းနိုင်ငံတွေမှာ ဒုက္ခတွေကို ဖန်တီးသလိုဖြစ်နေတယ် လို့ ရေးသားထားပါတယ်။ 

 

ျူင

 

အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က ကျူးဘားနိုင်ငံဆီကို ရောက်ရှိတဲ့ အမေရိကန်ဒေါ်လာ သွားရာလမ်းကြောင်းကိုလည်း တင်းကျပ်သွားမယ်လို့ ပြောပါတယ်။ 

 

အခုလို အမေရိကန်ရဲ့ လုပ်ဆောင်မှုကို ကျူးဘားအစိုးရက ရှုတ်ချလိုက်ပါတယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ ဆယ်သန်းလောက် ဝင်ငွေရှိတဲ့အတွက် အခုပိတ်ဆို့မှုက ကျူးဘားစီးပွားကို ထိခိုက်နိုင်တာကိုတွေ့ရပါတယ်။ 

 

MDN
ကိုးကား - AFP