ကျူးဘားနိုင်ငံ၌ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ပျက်ကျသဖြင့် သုံးဦးသေဆုံး

ဧပြီ ၁၂

ကျူးဘားနိုင်ငံအရှေ့ပိုင်း ဆန်တီယာဂိုမြို့တွင် စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားသဖြင့် ယမန်နေ့က  သုံးဦးသေဆုံးခဲ့သည်ဟု ကြည်း၊ရေ၊လေတပ်မတော်ဝန်ကြီးဌာနက ဖော်ပြထားသည်။ အဆိုပါရဟတ်ယာဉ်သည် ဟာဗာနာမြို့တော်၏အရှေ့ဘက် ကီလိုမီတာ ၈၆၀ ခန့်အကွာတွင်တည်ရှိပြီး ဒုတိယလူဦးရေအများဆုံးမြို့ရှိ လေဆိပ်တစ်ခု၌ပျက်ကျခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင် ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို