နိုဝင်ဘာ ၁၂

 

ကျူးဘားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆက်တိုက်ကျဆင်းလာရာ ပြီးခဲ့သည့်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၀၃ ဦးရှိပြီး ရောဂါကူးစက်ခံရသူပေါင်း ၉၅၇၇၃၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားခဲ့သည်။

 

တစ်ချိန်တည်းမှာပင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၈၂၇၈ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဖော်ပြထားသည်။

 

အစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိရာ နိုင်ငံလူဦးရေ၏ ၁၁ ဒသမ ၂ သန်းအနက် ၇ ဒသမ ၈ သန်းကျော် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးဖြစ်ကြောင်း ထိုဝန်ကြီးဌာန အချက်အလက်အရသိရသည်။

 

ကျူးဘားနိုင်ငံသည် ထိုကျွန်းပေါ်တွင်ထုတ်လုပ်သောကိုဗစ်ကာကွယ်ဆေးငါးမျိုးအနက်  Abdala, Soberana-02 နှင့် Soberana Plus ကာကွယ်ဆေးသုံးမျိုးကို ထိုးနှံပေးလျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို