နေပြည်တော် ၂၃ ဒီဇင်ဘာ

ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာ အရောင်းကိုယ်စားလှယ်များမှ ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ယမန်နှစ်က ကူဘိုတာကုမ္ပဏီမှ ပေးအပ်လှူဒါန်းသော ကျောပိုးလွယ်အိတ်နှင့် စာရေး ကိရိယာ အစုံ ၁၆၃၀ဝ ကို ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင်၊ ကရင်၊ မွန်နှင့် ဒေသ အသီးသီးတို့မှ ကျောင်းသား ကျောင်းသူများကို ပေးအပ်ခဲ့ပါကြောင်း၊ ထို့အပြင် လိုအပ်သော ကျောင်းများ သို့လည်း ဖြန့်ဝေလှူဒါန်းခဲ့ပါကြောင်း။

ယခုနှစ်တွင် ကူဘိုတာကုမ္ပဏီမှ လှူဒါန်းသောကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာ အစုံ ၁၂၀ဝ၀ အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနှံ့ရှိလိုအပ်လျက်ရှိသော ကျောင်းသားကျောင်းသူများအတွက် ဆက်လက်ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

 

‌ေ

 

ဆက်လက်၍ KUBOTA Myanmar ကုမ္ပဏီ၏ Managing Director Mr. Kunitomo Sato က အမှာစကားပြောကြားသည်။

ထို့နောက် ကူဘိုတာကုမ္ပဏီမှ ကျောင်းသားကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာများလှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူ ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယခု လှူဒါန်းမှုကို ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာအရောင်းကိုယ်စားလှယ်တို့ ပူးပေါင်း လှူဒါန်းခြင်း ဖြစ်ပြီး ကျောင်းနေအရွယ် ကလေးသူငယ်များအတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာ အစုံ ၁၂၀ဝ၀ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၅၀ဝ ကျော် လှူဒါန်း ခြင်းဖြစ်ကြောင်း သိရသည်။

 

‌ေ

 

(သတင်းစဉ်)