မန္တလေး ၁၇ အောက်တိုဘာ

 

မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ဖို့ ခုတင် (၁၀ဝ) ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး (မန္တလေး) ပြင်ဆင်နေတာ ပြီးသွားပြီဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

"ပိုးတွေ့လူနာ (၁၀ဝ) စောင့်ရှောက်ဖို့ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်း‌တွေ အပါအဝင် လိုအပ်တဲ့ ပြင်ဆင်မှုတွေအားလုံးကို လုပ်ပေးထားတာ တွေ့ရပါတယ်"ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

 

ထို့အပြင် လူနာများအတွက် တစ်ကိုယ်ရေသုံး ပစ္စည်းများအပါအဝင် လူနာ၊ တာဝန်ကျ၊ ဆရာရာမ၊ သူနာပြု ဆရာမများ ပရဟိတအဖွဲ့‌များ အားလုံးအတွက် အစားအစာ အစီအစဉ်ပါ အလှူရှင်က ထည့်သွင်း လှူဒါန်းသွားမည်ဟုသိရသည်။

 

ကန်တော်နဒီ ဆေးရုံ၊ ခုတင် (၃၀ဝ) ဆံ့ သင်ကြားရေး ဆေးရုံတွေမှာ လူနာ‌‌ နေရာတွေ များလာပါက သင်ကြားရေး တိုင်းရင်းဆေးရုံကြီးကို အသုံးပြုမှာဖြစ်ပြီ အားလုံးကို အောင်မြင်သူ ကုမ္ပဏီများအုပ်စုက လှူဒါန်း‌ ပေးထားကြောင်း သိရသည်။

 

ဖြိုးအိ