၂၁ ဒီဇင်ဘာ

 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသမှာ ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်တွေ့ရှိမှုကြောင့် ဉရောပနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေက ဗြိတိန်နဲ့ ခရီးသွားလာမှု ပိတ်ပင် ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 

 

ဗြိတိန်အစိုးရက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အား ဒီဇင်ဘာ ၁၉ ရက်က တရားဝင်အကြောင်း ကြားပါတယ်။ နိုင်ငံကိုလည်း အသွင်ပြောင်းဗိုင်းရပ်စ်ပိုးသစ် တွေ့ရှိကြောင်း အသိပေးပြောကြားပြီး တင်းကြပ်တဲ့ အသွားအလာ ကန့်သတ်မိန့်ကို  ဒီဇင်ဘာ ၂၀ ရက်ကစပြီး  သတ်မှတ်လိုက်ကြောင်း ဒီဇင်ဘာ ၁၉ ရက် နှောင်းပိုင်းက ကြောညာလိုက်ပါတယ်။

 

အဲဒီနောက် ဗြိတိန်နဲ့ ခရီးသားလာမှု ရပ်ဆိုင်းလိုက်တဲ့ နိုင်ငံတွေကတော့

 

-ပြင်သစ်နိင်ငံ-

တနင်္ဂနွေနေ့(ဒီဇင်ဘာ ၂၀ ရက်) သန်းခေါင်ယံကနေ ၄၈ နာရီအတွင်း ဗြိတိန်နဲ့ ခရီးသွားလာမှု အားလုံးရပ်ဆိုင်းကြောင်း၊ ကုန်စည်ပို့ဆောင်အတွက် ကုန်းလမ်း၊ လေကြောင်းလမ်း၊ ရေကြောင်းလမ်းနဲ့ မီးရထားလမ်းတွေပါ ပါဝင်ကြောင်း ပြင်သစ်ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။

 

-ဂျာမနီ-

တနင်္ဂနွေနေ့ သန်းခေါင်းယံကစပြီး လေကြောင်းသွားလာမှုကို ဒီဇင်ဘာ ၃၁ ရက်အထိ ရပ်ဆိုင်းလိုက်ကြောင်း၊ ကုန်တင်လေယာဉ်တွေ သွားလာခွင့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

 

-အီတလီ-

ဗြိတိန်နိုင်ငံမှ ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်လိုက်ပြီး ဗြိတိန်မှာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းမှာ ရှိနေသူများအား အီတလီနိုင်ငံသို့ ဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်။  ဗြိတိန်နိုင်ငံကို လတ်တလော ခရီးသွားဖူးတဲ့ သူတိုင်းအား ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခံယူရမယ်လို့ ကျန်းမာရေးဝန်ကြီးက ညွှန်ကြားလိုက်ပါတယ်။

 

-အိုင်ယာလန်-

 

ဗြိတိန်ကနေ ရောက်ရှိတဲ့ လေယာဉ်ခရီးစဉ်တွေအား တနင်္ဂနွေနေ့ သန်းခေါင်ယံကနေ အနည်းဆုံး ၄၈ နာရီ ပိတ်ပင်မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

 

-ကနေဒါ-

 

တနင်္ဂနွေနေ့သန်းခေါင်ယံကနေ ၇၂ နာရီအတွင်း ဗြိတိန်နိုင်ငံကနေ လေကြောင်းခရီးစဉ်တွေ ပိတ်ပင်ကြောင်း ဝန်ကြီးချုပ် ပြောဆို

 

-နယ်သာလန်-

 

ဗြိတိန်နိုင်ငံကနေလာရောက်မယ့် ခရီးသည်တင်လေယာဉ်တွေအား ဇန်နဝါရီ ၁ ရက်အထိ ပိတ်ပင်ကြောင်း အစိုးရ ထုတ်ပြန်

 

-ဘယ်လ်ဂျီယံ-

 

တနင်္ဂနွေနေ့ သန်းခေါင်ယံနေ အနည်းဆုံး ၂၄ နာရီ လေကြောင်းလိုင်းတွေ ပိတ်ပင်မယ်လို့ ဝန်ကြီးချုပ်ပြောကြား

 

-ဩစတြီးယား-

 

ဗြိတိန်နိုင်ငံကနေ လာရောက်ခွင့်အား ပိတ်ပင်ရန် ဆွေးနွေးနေကြောင်း ကျန်းမာရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောဆို

 

 

-ဆွီဒင်-

ဗြိတိန်နိုင်ငံကနေ လာရောက်မယ့်သူတွေအား အမြန်ဆုံးပိတ်ပင်ရန် လုပ်ဆောင်သွားမှာဖြစ်ပြီး တနင်္လာနေ့မှာ တရားဝင်ထုတ်ပြန်ရန် လုပ်ဆောင်မယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား

 

-ဖင်လန်-

 

တနင်္လာနေ့ နေ့လယ်ကစပြီး ဗြိတိန်နိုင်ငံကနေ လာရောက်မယ့် လေကြောင်းခရီးအား သီးတင်းနှစ်ပတ်ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ကြေညာ

-ဆွစ်ဇာလန်-

ဗြိတိန်နဲ့ တောင်အာဖရိက လာရောက်မယ့် လေကြောင်းလိုင်းတွေကို တနင်္ဂနွေနေ့ သန်းခေါင်ယံကနေ ထုတ်ပြန်ချက်အသစ် မထုတ်ပြန်မီအချိန်အထိ ပိတ်လိုက်ကြောင်း

 

-ဘောတစ်သုံးနိုင်ငံ-

 

အက်စ်တိုးနီးယား၊ လက်ဗီးယားနဲ့ လစ်သူမေးနီးယားနိုင်ငံတွေက ဗြိတိန်နိုင်ငံကနေ လာရောက်မယ့် ခရီးသည်တင်လေယာဉ်တွေအား တနင်္လာနေ့ကနေ ဒီဇင်ဘာ ၃၁ ရက်အထိလို့ ကြေညာထားပါတယ်။

 

-ဘူဂေးဒီးယား-

 

ဗြိတိန်ကနေလာတဲ့ လေကြောင်းခရီးနဲ့ ဗြိတိန်ကို သွားမယ့်လေကြောင်းခရီးစဉ်အားလုံးကို တနင်္ဂနွေနေ့သန်းခေါင်ယံကနေ ဇန်နဝါရီ ၃၁ ရက်အထိ ပိတ်ပင်ကြောင်း ကြောညာ

 

-ရိုမေးနီးယား-

တနင်္လာနေ့ နေ့လယ်ပိုင်းကစပြီး ဗြိတိန်ကနေလာတဲ့ လေကြောင်းခရီးစဉ်အား သီတင်းနှစ်ပတ်ပိတ်ပင်

 

-ခရိုအေးရှား-

 

ဗြိတိန်ကနေလာတဲ့ လေကြောင်းခရီးစဉ်အား ၄၈ နာရီပိတ်ပင်ကြောင်း ဝန်ကြီးချုပ်ကြေညာ

 

အလားတူ တူရကီ၊ အီရန်၊ အစ္စရေး၊ ဆော်ဒီအာရေးဗီးယား၊ ကူဝတ်၊ အယ်လ်ဆာဗားဒိုး၊ အာဂျင်တီးနား၊ ချီလီ၊ မော်ရိုကို နိုင်ငံတွေကနေ အနည်းဆုံး သီတင်းနှစ်ပတ်ကနေ တစ်လ  ဗြိတိန်ကနေလာတဲ့ လေကြောင်းခရီးစဉ်အားပိတ်ပင်ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP

mdn