ဝန်းသို ၈ ဒီဇင်ဘာ
တိရစ္ဆာန်ကူးစက်ရောဂါကင်းရှင်းသော အသားများကို အများပြည်သူများ လုံခြုံစိတ်ချစွာ စားသုံးနိုင်ရန်နှင့် ဘေးဥပဒ်မဖြစ်စေရန်အတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် မြို့မစည်ပင်သာယာစျေး၌ ရောင်းချနေသာ အသားဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်လှိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဒေါ်အမာကြည်၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်ခွင်ကြည်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် စျေးခေါင်းတို့ပူးပေါင်း၍ မြို့မစျေးရှိ အသားဆိုင် ၁၆ ဆိုင်တို့၌ ရောင်းချနေသော အသားနှင့် အခြားကိုယ်တွင်းအင်္ဂါများတွင် ရောဂါပိုးရှိမရှိတို့ကို စစ်ဆေးပြီး ကူးစက်ရောဂါ ဝင်ရောက်နိုင်သော လမ်းကြောင်းများနှင့် အာဖရိကန်ဝက်အပြင်းဖျား ရောဂါကာကွယ်တားဆီးရေး အကြောင်းတို့ကို မြို့နယ်မွေး/ကုဦးစီးမှုးက အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မြိုင်