ကူကူရယ်လာအတွက် မန်စီးတီး၏ ကမ်းလှမ်းမှုကို ဘရိုက်တန် ပယ်ချ

ဘရိုက်တန်အသင်းသည် အသင်းမှ ဘယ်ခံစစ်ကစားသမား ကူကူရယ်လာအတွက် မန်စီးတီးအသင်းမှ ပေါင်သန်း ၃၀ ဖြင့် ကမ်းလှမ်းမှုတစ်ရပ်ကို ပယ်ချလိုက်ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ် စပိန်ကစားသမားသည် ပြီးခဲ့သည့်နွေရာသီတွင် စပိန်ကလပ် ဂီတာဖေးအသင်းမှ ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနှင့် ငါးနှစ်ရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုထားသူ ဖြစ်သည်။

ဘရိုက်တန်အသင်းသည် ပြီးခဲ့သည့်လတွင် ကွင်းလယ်ကစားသမား ဘစ်ဆိုမာကို ပေါင်သန်း ၃၀ ဖြင့် ရောင်းထုတ်ခဲ့ကြောင်း သိရသည်။ ပရီမီယာလိဂ်ဖလားကို သုံးကြိမ်ဆက်ဆွတ်ခူးနိုင်ရန် ရည်ရွယ် နေသည့် မန်စီးတီးအသင်းသည် ယခုနှစ်ရာသီအပြောင်းအရွှေ့ကာလတွင် ကယ်ဗင်ဖီးလစ်နှင့် ဟာလန်း တို့ကို ခေါ်ယူစာချုပ်ထားပြီးဖြစ်သော်လည်း ကစားသမားသစ်များ ထပ်မံခေါ်ယူဖွယ်ရှိနေခြင်းဖြစ်သည်။ ကူကူရယ်လာသည် ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားထားသည်။

အောင်ဇော်