နေပြည်တော် မေ ၁၈
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ပြန်လည်တည်ဆောက်ရေး ပစ္စည်းများ တင်ဆောင်လာသည့် တပ်မတော် ရေယာဉ် မဟာဗန္ဓုလနှင့် မုတ္တမတို့သည် မေ ၁၈ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော် ရေယာဉ်များသည် ရန်ကုန်မြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး စစ်တွေဆိပ်ကမ်းမှတစ်ဆင့် တပ်မတော် ရေယာဉ်နှင့် မော်တော်ယာဉ်များ၊ အရပ်ဘက်ရေယာဉ်နှင့် မော်တော်ယာဉ်များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်တည်ဆောက်ရေး ပစ္စည်းများကို ဖြန့်ခွဲ၍ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။
MDN