ဒဂုံတောင် ၄ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ စီစဉ်ဆောင်ရွက်သော ကျူး (Smart Card)ရှိသူများ နေထိုင်နိုင်ရန် အိမ်ရာဆောက်လုပ်ပေးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ NGO များနှင့်အတူ တွေ့ဆုံစည်းဝေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)


