ကဝ ဒီဇင်ဘာ ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ပဲခူးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါနှင့်အဖွဲ့ ဝန်ထမ်းများသည် ကဝမြို့နယ်တွင် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒီဇင်ဘာလ(၂) ရက်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးနှင့်အဖွဲ့သည် ကဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံများ လိုက်ပါလျက် ကဝမြို့နယ်၊ ပိုင်ကျုံကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ဂဝံလမ်းခင်းခြင်း လုပ်ငန်း ကြည့်ရှုစစ်ဆေးခြင်း၊ ချောင်းခွကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်ထားရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ကျေးရွာ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် ဝင်ငွေရရှိမှု အခြေအနေများ ဆွေးနွေးညှိနှိုင်းပေးခဲ့ပြီး ချောင်းခွကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိစေရေးအတွက် ကျေးရွာတာဝန်ခံ၊ ရေကော်မတီတို့နှင့်အတူ လက်ရှိရေသုံးစွဲမှု အခြေအနေများကို မေးမြန်းခဲ့ပြီး ကျေးရွာရှိ မြေသားရေကန်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ကဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းတာဝန်များ ထမ်းဆောင်မှုအပေါ် ဆွေးနွေးတင်ပြစေခြင်း၊ လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ခြင်း၊ လုပ်ငန်းများ အဆင်ပြေအောင် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း ကဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဝက်းကျော်ထံမှ သိရှိရပါသည်။

ရည်ရည်မြ(ကျေးလက်)