ကဝ နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ထိုးနှံပေးခဲ့သည်။
ကဝမြို့နယ်တွင် စုရပ်နေရာ ၂၀ ရှိပြီး ကျောင်းသား ကျောင်းသူ ၄၀၀၃ ဦးအား ကာကွယ်ဆေး ထိုးနှံပေး သွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ကျောင်းသား ကျောင်းသူများအား မှတ်တမ်းများ ရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)