ကဝ မတ် ၂၉

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းစာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ကဝမြို့ စက်ကျောင်းကျောင်းတိုက်၌ စတင်ဖြေဆိုသည်။

 

အဆိုပါစာမေးပွဲတွင် ပထမကြီးတန်း လေးပါး၊ ပထမငယ်တန်း လေးပါး၊ အခြေပြုမူလတန်း ၃၉ ပါး စုစုပေါင်း ၄၇ ပါး စာရင်းသွင်းထားသော်လည်း ဖြေဆိုသူ ၃၈ ပါးသာရှိပြီး ပထမငယ်တန်းတစ်ပါး၊ အခြေပြုမူလတန်း ရှစ်ပါး စုစုပေါင်း ကိုးပါး ပျက်ကွက်ကြောင်း သိရသည်။

 

ကျင်းပသွားမည်

စာဖြေသံဃာတော်များအား မြို့နယ်ကြီးကြပ်ရေးသံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများက စာဖြေသံဃာတော်များအား လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)