ပဲခူး မတ် ၈
ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေသည် ယမန်နေ့က ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်တို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကဝမြို့နယ် မကျက်ကြီးကျေးရွာ မြေသားရေကန်တိုးချဲ့ ပြုပြင်ခြင်း၊ အနက်နှိုက်ခြင်း (၂၁၉၄၅၀ ကုဗပေ)နှင့် မြေသားရေ ကန်ခြံစည်းရိုးကာရံခြင်း (ပေ ၁၂၁၀) လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မကျက်ကြီးကျေးရွာရှိ ဦးဌေးလှိုင်၏ နို့စားနွား မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပဲခူးမြို့ ပဲခူးမြစ်ကူး တံတားအထက်အောက် Bored Pile အခြေပြု ကျောက်/ ကွန်ကရစ် မြေထိန်းတမံ ပဲခူးမြစ်ကူးတံတား၏အထက် ၆၇၅ ပေနှင့် အောက်ဘက် ၃၂၅ ပေ၊ အလျား ပေ ၁၀၀၀ ဆောင်ရွက်နေမှု၊ ပဲခူးမြို့နယ် ဒေးစွန်ပါ ဘုရားအတက်လမ်း (၁၀၀ x ၁၂ x ၇ ပေ) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ပဲခူးမြို့နယ် အဝိုင်း - ခုံတိုင်း- ကျိုက်ဒေးယုံ လမ်းအကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ၊ အရှည် (၂/၂ မိုင်)ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


