ရွာသစ်၊ ၁၅ ဇန်နဝါရီ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ရှိ သဘာဝရေတံခွန်အား ရုံးပိတ်ရက်ကာလနှင့် နေ့ကြီးရက်ကြီးများတွင် လာရောက် လည်ပတ်အပန်းဖြေသူများဖြင့် စည်းကာနေကြောင်း သိရသည်။
ရွာသစ်မြို့ရှိ သဘာဝရေတံခွန်သည် ရွာသစ်-တာဆန်းလဲ စက်လှေဆိပ်အထိ ဆိုင်ကယ်ဖြင့်သော် လည်းကောင်း၊ ကားဖြင့်သော်လည်းကောင်း လာရောက်ပြီး တာဆန်းလဲ စက်လှေဆိပ်ကမ်းမှ တစ်ဆင့် သံလွင်မြစ်ကမ်း တစ်လျှောက် စက်လှေဖြင့် ရေတံခွန်ရောက်သည်အထိ ၄၅ မိနစ်ခန့် စက်လှေဖြင့် သွားရောက်ရကြောင်း သိရသည်။
စက်လှေစီးပြီး သံလွင်မြစ်၏ နောက်ခံတောင်တန်း သဘာဝရှုခင်းများ၏ အလှတရားများကို ခံစားနိုင်သလို သဘာဝအတိုင်း လှပနေသော ရေတံခွန်အား မိသားစုလိုက်၊ မိတ်ဆွေသူငယ်ချင်းများ၊ အဖွဲ့လိုက်ဖြင့် လာရောက်၍ အပန်းဖြေလည်ပတ်ကြကြောင်း၊ ခရီးသွားများအနေဖြင့်လည်း အထူးနှစ်ခြိုက်ကြကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)


