လွိုင်ကော်   နိုဝင်ဘာ   ၃၀

 

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၁)ကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ် အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရယူထားသည့် ဟိုတယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သုံးခုက လုပ်ငန်းယာယီရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြလာမှု၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခဲ့ခြင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ De Heus Myanmar Limited ၏ မျိုးရင်းဝက်မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အကြံပြုချက်များ စသည်တို့ကို ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)