လွိုင်ကော် ၄ ဧပြီ

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ ညနေ ၂ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ Cabinet အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့်အခါ ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်ထုတ်ပေးပြီး စိတ်ရောကိုယ်ပါ ဆောင်ရွက်စေလိုကြောင်း၊ မူဘောင်နဲ့အညီ အားစိုက်ပြီး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်း လျှော့ရဲသွားခြင်းမရှိပဲ ကော်မတီအဖွဲ့ဝင်မှ အားကျိုးမာန်တက် ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ ကော်မတီ အစည်းအဝေးတွင် အလုပ်အကိုင် အခွင့်အလမ်းရရှိလာအောင် ဆွေးနွေးသောခေါင်းစဉ်ကို ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုအထောက်အထားအား မြန်မြန်ဆန်ဆန် ပြုလုပ်ထားကြရန် လိုကြောင်း၊ အားနည်းချက်၊ အားသာချက်များနှင့် လိုအပ်ချက်များကို အစည်းအဝေးတွင် တင်ပြဆွေးနွေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Kayan Golden Sky Co.ltd မှ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလွှာ တင်ပြလာခြင်းကိစ္စနှင့် စပ်လျဉ်း၍ ကော်မတီ အတွင်းရေးမှူးမှ ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဥက္ကဋ္ဌမှ Kayan Golden Sky Co.ltd ထံသို့ အတည်ပြုမိန့် ပေးအပ်ခဲ့သည်။

 

mdn

 

ထို့နောက် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် ဧည့်သည်များမှ အထွေထွေ အကြောင်းအရာများအား တင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။

လွိုင်ကော်သား