လွိုင်ကော် မတ် ၁၉
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၈ ရက်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “မီးဘေး၊ ရေဘေး၊ လေဘေးနှင့် အခြားမမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ဖွဲ့စည်းထားသော ဆပ်ကော်မတီအသီးသီးက မြေပြင်တွင် လက်တွေ့ ကျကျ၊ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ဟု အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဆပ်ကော်မတီ အတွင်းရေးမှူးများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြိုတင်စီမံ ဆောင်ရွက်ထားရှိသည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြပြီး သက်ဆိုင်ရာ ပြည်နယ်ဆပ်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ကယားပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆပ်ကော်မတီများ၏ ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


