လွိုင်ကော်   ဩဂုတ် 

  

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၃၉၄)ဦးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

 

အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်အတွင်းမှာ တာဝန်ထမ်းဆောင် နေကြတဲ့ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရှိသမျှသောအင်အားဖြင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို အားပေးသည့်အနေဖြင့် ယခုလို ချီးမြှင့်ပေး ခြင်းဖြစ်ပါကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ပြည်သူများရဲ့ ကျန်းမာရေးအဆင့်အတန်း မြှင့်မားလာစေရေး၊ ကူးစက်ရောဂါဖြစ်ပွားမှုများ လျော့နည်းပပျောက်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဆေးရုံများ၊ ကျန်းမာရေးဌာနများရဲ့  လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။ 

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသော ကုသရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း (၁၅၀)ဦး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၁၁၂) ဦး၊ ပုံမှန်တာဝန်များကို ဆောင်ရွက်ပေးသော ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့မှ ဝန်ထမ်း(၁၃၂)ဦး၊ စုစုပေါင်း ကျန်းမာရေး ဝန်ထမ်း (၃၉၄) ဦးတို့အတွက် ချီးမြှင့်ငွေကျပ် (၃၂၈) သိန်းကို ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင် နှင့် လွိုင်ကော်​ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့်တို့ထံ ပေးအပ်ခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ 

သအ

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွိုင်ကော်ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ အဆောက်အဦ (၂)လုံး တည်ဆောက်ခြင်းနှင့် ဂိတ်တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောက်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်​​​ဆေးပြီး လုပ်ငန်းများအား အချိန်မှီပြီးစီးအောင်ဆောင်ရွက် သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

ပြည်နယ် (ပြန်/ဆက်)