၂၆ ဇွန်

 

ကယားပြည်နယ်အတွင်း COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ အလှူရှင်များမှ ကယားပြည်နယ်အစိုးရအဖွဲ့ထံသို့ COVID-19 ကာကွယ်ရေး ပစ္စည်းများအား ဇွန်လ(၂၆) ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ လှူဒါန်းမှုတွင် Huawei Technologies (Yangon) Co.,Ltd မှ လှူဒါန်းသော ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းဖြစ်သည့် Mask (၁၀ဝ၀ဝ)ခု နှင့် World Vision Myanmar (ဒီးမော့ဆို)ရုံးမှ လှူဒါန်းသည့် Family Care ဆပ်ပြာ(၉၄၀၈)ခဲ တို့အား လာရောက်လှူဒါန်းခဲ့ကြရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

#လွိုင်ကော် သတင်းဌာနခွဲ

 

#MRTV