လွိုင်ကော် နိုဝင်ဘာ ၁၉
ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံ အားကစား သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ် အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများက အခြေခံအားကစားနည်းများဖြစ်သည့် အေရိုးဗစ်၊ စားပွဲတင် တင်းနစ် နှင့် ကြက်တောင်အားကစားနည်းများကို သရုပ်ပြသခဲ့ကြသည်။ ထို့နောက် လူမှုရေးဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


