လွိုင်ကော် ဖေဖော်ဝါရီ  ၂၁

 

ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက လွိုင်ကော်ခရိုင် စုပေါင်းရုံးခန်းမဆောင်၌ ပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားသည်။ အဆိုပါ သင်တန်းကို လွိုင်ကော်မြို့နယ်ရှိ သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ  ၅ ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)