လွိုင်ကော်    ၁၅ ဇန်နဝါရီ    


(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကရာတေးဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားရုံသစ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

16


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကရာတေးဒို ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်တမ်းအလိုက် ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အကောင်းဆုံး ကစားသမားဆု၊ အတိုးတက်ဆုံး ကစားသမားဆု၊  အမျိုးသား တံခွန်စိုက် ဒိုင်းဆု၊ အမျိုးသမီးတံခွန်စိုက် ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ကရာတေးဒို အဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ပြည်နယ်ဝန်ကြီးချုပ် က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)