ဘောလခဲ ၅ ဇွန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ဘောလခဲမြို့နယ် ဘူးခူကျေးရွာ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) တွင် စီမံကိန်းထောက်ပံ့ငွေကျပ် ၂ ဒသမ ၁ သန်းခန့်ဖြင့် ဘူးခူကျေးရွာ စာသင်ကျောင်း ဆောင်သစ် (၅၀ x ၃၀ x ၁၂) ပေ ဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကို ကျေးရွာကော်မတီဝင်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
နန်းထိုက်ရွှေ(CDD)


