လွိုင်ကော် မတ် ၁၁

 

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသည့် ချိကယ်စာစစ်ဌာန၌ ပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် မြန်မာစာဘာသာရပ် စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ထိုသို့ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်သည် စာစစ်ဌာနအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန် စီမံထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီမံထားရှိမှု၊ စာမေးပွဲဖြေဆိုခန်းများနှင့် ကျောင်းပရိဝုဏ်အတွင်း၊ အပြင်၌ ဆရာ ဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးကြီးကြပ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းတာဝန်များ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)