မယ်စဲ့  ၆  ဖေဖော်ဝါရီ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွား လာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီခွဲက မယ်စဲ့မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

 

63

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်သူနှင့် အစိုးရအကြား လိုအပ်ချက်များ၊ လိုလားချက်များရှိပါက ပေါင်းစပ်ညှိနှိုင်း အကောင်ထည်ဖော်စေလိုကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရာတွင် အားလုံးတူညီသောအမြင်များဖြင့် လက်တွဲ လျှောက်လှမ်းစေလိုကြောင်း၊ နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများကို ရည်ရွယ်ထောက်ပံ့ခြင်း ဖြစ်ကြောင်းနှင့် ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်သည့်အရွေ့တစ်ခုကို ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းတင်ပြရာ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

 

4585

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်မြင့်မြင့်မော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက မယ်စဲ့မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများကို လက်ရောက်ပေးအပ်ခဲ့ပြီး မြို့နယ်ကျန်းမားရေး ဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။

 

မယ်စဲ့မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၉)ဦးအတွက် တစ်လလျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃)လစာအတွက် ငွေကျပ် ၂၇၀ဝ၀ဝ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေး စုစုပေါင်း(၃၁၁)ဦးအတွက် တစ်လလျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့် (၃) လစာအတွက် ငွေကျပ် ၁၃၆၅၀ဝ၀ဝ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)