မယ်စဲ့ ၁၄ ဇွန်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရန်ပုံငွေနှင့် အထွေထွေပိုလျှံရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ရန်ပုံငွေဖြင့် ငွေနှင်းတောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မြောက်ပိုင်းရပ်ကွက် မြို့ကွက်လမ်း (၆၂၉၈ x ၁၂) ပေ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ဘုန်းပြည့်မင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မြောက်ပိုင်းရပ်ကွက် မြို့ပတ်လမ်း (၂၉၉၀ x ၁၂) ပေ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် အထွေထွေပိုလျှံရန်ပုံငွေဖြင့် ကယားငွေနှင်းကြယ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မန်းဘခိုင်လမ်း ကျောက်စီရေနုတ်မြောင်း ပလက်ဖောင်း (၆၂၅ x ၅ x ၃.၆) ပေ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အချိန်မီပြုပြင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


