မယ်စဲ့ ၄ သြဂုတ်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်က မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဖကျေးရွာရှိ အိမ်ခြေ(၁၇)အိမ်၊ စာသင်ကျောင်းတစ်ကျောင်း၊ လူဦးရေ(၁၀ဝ)ခန့်ကို အကျိုးပြုမည့် ဂါလံ ၅၀ဝ၀ ဆံ့ရေကန်၊ ရေတားတမံ၊ ရေပိုက်လိုင်း(၂/ဝ)မိုင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ထူးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်မည့်အစီအမံများကို လမ်းညွှန်မှာကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက(ဟိုစဲ့)တွင် နေမင်းစံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် Steel Structure တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် Grade-6 ကျောင်းသား၊ ကျောင်းသူများ ဂီတအနုပညာဘာသာရပ် သင်ကြားခြင်းအတွက် လိုအပ်သောပစ္စည်းများဝယ်ယူရန် ငွေကျပ်တစ်သိန်း ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးရန်အတွက် ငွေကျပ်တစ်သိန်း စုစုပေါင်းငွေကျပ်နှစ်သိန်းကို မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမက(ခွဲ)ဟိုစဲ့မြို့သစ်သို့ သွားရောက်ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံကာ ကျောင်းအတွက်လိုအပ်သည့် ကျောင်းသုံးဘီဒို၊ မိတ္တူကူးစက်၊ ကလေးကစားကွင်း၊ Kit Box နှင့် KG ကလေးငယ်များအတွက် ကွပ်ပျစ်ပြုလုပ်ရန်တို့အတွက် စုစုပေါင်းငွေကျပ် ၁၂ သိန်းကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မယ်စဲ့-ဟိုစဲ့ လမ်းပေါ်ရှိ ဟွေနလူးချောင်း ပေ ၆၀ သံကူကွန်ကရစ်ရေ ကျော်တံတားတစ်စင်း တည်ဆောက်နေမှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


